
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို ပြည်သူ့ခုခံစစ်အနေနဲ့ ခုခံဆင်နွှဲနေသော KNDF ၏ထုတ်ပြန်ကြေညာချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။
နေ့စွဲ။ ။၂၀၂၁ ခုနှစ်၊ နိုဝင်လဘာလ (၅) ရက်နေ့
ယနေ့ နိုဝင်ဘာလ (၅) ရက်နေ့ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ စက်တော် ကျေးရွာတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပါသည်။
ယနေ့ နံနက်ပိုင်း (၇းဝဝ) နာရီမှ မွန်းလွဲပိုင်း (၁၄း၃ဝ) နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပါသည်။
ယနေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၁ဝ) ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါသည်။
မိမိတို့ဘက်မှ ကရင်နီတပ်မတော် (KA) ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာခဲ့ပါသည်။
ကျဆုံးသွားသော ကရင်နီတပ်မတော်မှ ရဲဘော်ကို KNDF မှ ကရင်နီအမျိုးသား အာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိအမှတ်ပြု သမိုင်းမှတ်တမ်းတင်ပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် သာလွန် လက်နက်အင်အားဖြစ် တိုက်ပွဲ ဖြစ်ပွားရာ ကောင်းအိကျေးရွာ အုပ်စုတွင် နယ်မြေစိုးမိုးနိုင်ရေးအတွက် အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိပါသည်။
KNDF သတင်းနှင့်ပြန်ကြားရေးဌာန