
“တောင်တန်းမြေပြန့် အတူချီတက်၊ ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” စာတန်းကိုင်စွဲပြီး အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုအဖြစ် လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်းသည် ယနေ့ ဧပြီလ ၂၀ ရက်နေ့ ညနေတွင် ချီတက်ကြသည်။
“နှစ်သစ်မှသည် ခေတ်သစ်ဆီသို့၊ တောင်တန်းမြေပြန့်အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ် ၊ လူထု အရေးတော်ပုံ အောင်ရမည်၊ အာဏာရှင်စနစ် မုချကျရှုံးရမည်” ဟု ကြွေးကြော်ခဲ့ကြပြီး လူထုသပိတ် တရားများကို ဟောကြားခဲ့ကြကြောင်း သိရသည်။