
နိုဝင်ဘာ(၂၉) ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြိုနယ်၊ ပါရမီကားဝင်းအတွင်းက ဗန္ဓုလသယ်ယူပို့ဆောင်ရေးပိုင် YBS 14 ဘတ်စ်ကားမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေ ဆီကသိရပါတယ်။
“ညနေ(၆)နာရီကျော်လောက်က ပေါက်တာ၊ ခရီးသည်မရှိတော့ချိန်ဆိုတော့ လူထိခိုက်တာမရှိပါဘူး၊ ကားကဝင်းထဲ လာသိမ်းချိန်မှာဖြစ်တာ၊ ပေါက်ပြီးတော့မှ စစ်သားတွေရောက်လာတယ်” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မော်တော်ယာဉ်အလယ်ပိုင်းမှာရှိတဲ့ ခရီးသည်ဆင်းတဲ့ အပေါက်အနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ကားမျက်နှာကြက် နဲ့လေကာမှန်တစ်ချပ်သာထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ(၆)ရက်နေ့မှာလည်း ပါရမီကားဝင်းအတွင်းက ဦးပိုင်ကုမ္ပဏီလီမိတက်လက်အောက်ခံ လုပ်ငန်းတစ်ခုဖြစ်တဲ့ ဗန္ဓုလသယ်ယူပို့ဆောင်ရေးပိုင် YBS-၁၄ ယာဉ်လိုင်းမှာဘဲ ပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။