
မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလအတွင်း တော်လှန် သင်္ကြန်သံချပ်များပြုလုပ်ခဲ့သည့် သံချပ်အဖွဲ့များအား ဆုငွေချီးမြှင့်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၄င်း၏လူမှုကွန်ယက်ကတဆင့်ဖော်ပြသည်။သင်္ကြန်ကာလအတွင်း အွန်လိုင်းမီဒီယာကတဆင့် တော်လှန်သင်္ကြန်သံချပ်ထိုးဖော်ပြခဲ့ကြသည့် သံချပ်အဖွဲ့များကို ဂုဏ်ပြုဆုငွေပေးအပ်ခြင်းဖြစ်သည်ဟု NUG ဝန်ကြီး ချုပ်က ရေးသားဖော်ပြသည်။
ဝန်ကြီးချုပ်ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေအား ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၊ အိုးဝေသံချပ်အဖွဲ့နှင့် ဒို့ရဲဘော် (တောတွင်း PDF) သံချပ် အဖွဲ့များက ဝန်ကြီးချုပ်ထံမှ ဆုငွေကျပ် ၂ သိန်း ဆီလက်ခံရရှိကြောင်း ပြန်ကြားထားပြီး ဝန်ကြီးချုပ်ကဆုငွေပေးအပ်ရန်ကျန်ရှိနေသည့် တော် လှန်သင်္ကြန်သံချပ်ထိုးအဖွဲ့များအနေဖြင့် အွန်လိုင်းတွင်ဖော်ပြထားသည့် သံချပ်လင့်ခ်နဲ့အတူ ပေးပို့နိုင်သည်ဟုဖော်ပြထားကြောင်း သိရသည်။

