
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို ပြည်သူ့ခုခံစစ်အနေနဲ့ ခုခံဆင်နွှဲနေသော ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ၏ထုတ်ပြန်ကြေညာချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။
နိုဝင်ဘာ ၁၅ထန်းတပင်မြို့နယ် တာဆုံရဲကင်းစခန်းရှိ ရန်သူရဲ အင်အား ၁၀ ဦးခန့်အား ပြည်သူ့တော်လှန်ရေးတပ်သားများက ဒီကနေ့ ၁၁:၃၀ အချိန်တွင်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူရဲ ၃ ဦး ထိမှန်သေဆုံးခဲ့ပါတယ်။
လက်ရှိအချိန်အထိ ရန်သူရဲအလောင်းများကို လာရောက် မကောက်ယူသေးဘဲ စခန်းတွင်း ဒီအတိုင်းပစ်ထားတယ်လို့သိရပါတယ်။
ပစ်ခတ်တိုက်ခိုက်နေစဉ် ပစ်ကွင်းထဲသို့ မထင်မှတ်ဘဲ ကလေးငယ်တစ်ဦး ဝင်ရောက်လာမှုကြောင့် ပြည်သူ့တော်လှန်ရေးတပ်သားတွေအနေနဲ့ ကလေးငယ် ဘေးကင်းရေးအတွက် ပစ်ခတ်မှုကို စိတ်တိုင်းကျ မလုပ်ဆောင်နိုင်ခဲ့ဘဲ ပစ်အားလျှော့ချပြီး တိုက်ခိုက်ခဲ့ရပါတယ်။
ဒါကြောင့် ရန်သူရဲအားလုံးကို ပစ်ခတ်ချေမှုန်းနိုင်ခြင်း မရှိဘဲ ၃ ဦးကိုသာ အသေပစ်ခတ်ချေမှုန်းနိုင်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အနေနဲ့ ပျံလွှားအောင် စစ်ဆင်ရေးဖြင့် ရန်သူမင်းအောင်လှိုင်ရဲ့ အကြမ်းဖက် လက်နက်ကိုင်များကို စစ်ဆင်တိုက်ခိုက်လျက်ရှိရာမှာ ပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။