
စစ်ကောင်စီတပ်တွေစိတ်တိုင်းကျသွားလာနေတာတွေကိုဟန့်တားဖို့အတွက် ထားဝယ်ခရိုင်ထဲကအဝေးပြေးလမ်းမတွေမှာ ည ၇ နာရီကနေ မနက် ၄ နာရီအထိ ခရီးမသွားကြဖို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(T1) က အသိပေးထုတ်ပြန်ပါတယ်။
အဲဒီအပြင် အဝေးပြေးလမ်းတွေမှာ ခရီးသွားမယ့်ကားတွေအနေနဲ့ ကားမှန်တင်ထားတာတွေ၊ တာလပတ်ဒါမှမဟုတ်တစ်ခုခုနဲ့ဖုံးအုပ်ထားတာတွေမလုပ်ဖို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်ကားတွေနဲ့အနီးကပ်သွားလာတာမျိုးကိုလည်းရှောင်ကြဥ်ဖို့အသိပေးထားပါတယ်။