
ဒီနေ့ သောကြာနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်ကို တိတ်ဆိတ်ခြင်းနည်းလမ်းနဲ့ အသံတိတ်သပိတ်ဆင်နွှဲပြီး တော်လှန်နေကြပါတယ်။
သောကြာနေ့ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတက်ဝတ်ပြုလေ့ရှိတဲ့ နေ့လည်းဖြစ်ပါတယ်။ ထားဝယ်မြို့က အစ္စလာမ်ဘာသာဝင်တွေအများစု ကတော့ အသံတိတ်သပိတ်ပြုလုပ်တဲ့ ဒီနေ့မှာ နေအိမ်တွေမှာပဲစုပြီးဝတ်ပြုကြတယ်လို့သိရပါတယ်။
ကိုဗစ်ရောဂါစတင်ပျံ့နှံ့ခဲ့ချိန်ကတည်းက ဗလီတွေကိုသွားရောက်တာမျိုးမရှိခဲ့ဘဲ အိမ်မှာပဲ ဝတ်ပြုခဲ့ကြတယ်လို့ ထားဝယ်မြို့ခံအစ္စလာမ်ဘာသာဝင်တချို့ကဆိုပါတယ်။
ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုလျှော့ကျလာချိန်မှာ ဗလီတက်ဝတ်ပြုသူအနည်းအကျဥ်းရှိခဲ့ပေမယ့် ဒီနေ့မှာတော့ နေအိမ်မှာပဲ စုပြီးဝတ်ပြုကြသူများတယ်လို့သိရပါတယ်။