
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားဝန်ကြီးလည်းဖြစ်သူ Mr. Don Pramudwunal နှင့် အဖွဲ့သည် နေပြည်တော်သို့ ယနေ့ ရောက်ရှိပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံရန်ရှိကြောင်း သိရှိရသည်။
ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ Mr. Don Pramudwunal သည် ယနေ့ နံနက် ၈ နာရီ ၅ မိနစ်တွင် နေပြည်တော် လေဆိပ်ကို ရောက်ရှိခဲ့ကြောင်း ခရီးစဥ်ဆိုင်ရာ လျှို့ဝှက်စာအရ သိရှိရသည်။
မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေဆုံရန် ရှိပြီး ညနေပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။
အာဏာသိမ်းခေါင်းဆောင်နှင့် လာရောက်တွေ့ဆုံရသည့်အကြောင်းအရင်းကိုတော့ မသိရသေးသော်လည်း ကိုဗစ်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ လှူဒါန်းခြင်းဖြင့် ခရီးစဉ်ကို အဆုံးသတ်ထားကြောင်း သိရှိရသည်။