
ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးထက် မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ထီးချိုင့်မြို့နယ် သတင်းရပ်ကွက်များထံမှ သိရှိရသည်။
တကောင်းဘက်မှ တက်လာသော စစ်ကောင်စီကားတစ်စီးကို ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၊ စစ်သား ၈ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိကြောင်း သိရှိရသည်။