
မကွေး၊ ထီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောင်တွင်အမှုထမ်းနေကြသည့် ဌာနဆိုင်ရာအချို့မှဝန်ထမ်းများ နှုတ်ထွက်လျှက်ရှိကြောင်း မြို့ခံများထံကသိရသည်။
နှုတ်ထွက်လာသည့် ဝန်ထမ်းများမှာ (၉၁) ဦးထိရှိပြီး နိုဝင်ဘာလ ၅ ရက်နေ့ကနှုတ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း အများစုမှာ ရုံးလုပ်ငန်းနှင့်ဝန်ထမ်းဘဝကိုစိတ်ကုန်ကာ ဆက်လက်လုပ်ကိုင်လိုခြင်းမရှိ၍ ထွက်ခဲ့ကြကြောင်း မြို့ခံများကပြောသည်။
“ဝန်ထမ်းတော်တော်များများနှုတ်ထွက်စာတင်ပြီး ပြည်သူနဲ့ရပ်တည်လာပါပြီ။ ပညာရေး၊ အုပ်ချုပ်ရေး နဲ့ စိုက်ပျိုးရေးဦးစီးဌာနတွေကထွက်လာကြတာပါ” ဟု မြို့ခံတစ်ဦးကပြောသည်။
နှုတ်ထွက်လာသူများမှာ ပညာရေးဦးစီးဌာနမှ(၈၁)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ(၈) ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ (၂) ဦးတို့ဖြစ်ပြီး ဝက်သက်တောင်၊ ဝါးဘိုးချောင်း၊ နွယ်ပျင်း၊ ညောင်ဟောင်း၊ ကျော်စာရေး၊ ကန်သာ၊ ညောင်ကန်၊ လောင်းဘိုလေး၊ ထလင်းထောင်၊ အကြည်တန်း၊ လက်ပန်ရွာ၊ ခပေါင်းတော၊ အောင်းမြောက်၊ ရေရှင်း၊ ဟင်းနွက်ကုန်း၊ ရေမျက်နီ၊ ပြင်ဘ၊ ရေကြည်၊ အိုင်းမ၊ သံပုရာ၊ အင်းနား၊ ဝက်သက်မြောက် စသည့်ကျေးရွာများမှဖြစ်ကြောင်း သိရသည်။