
နိုဝင်ဘာလ ၁၇ ရက်တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး YDF-ထီးလင်းတပ်ဖွဲ့ဝင် ၁၃ ဦး၊ CDF-မင်းတပ်တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း YDF-ထီးလင်းက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၆ ရက်တွင် ထီးလင်းမြို့နယ်အတွင်းရှိ စစ်ရှောင်ရွာသား ၂ ဦး အပါအဝင် အရပ်သား ၅ ဦးအား စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်သတ်သွားကြောင်း၊ အရပ်သား ၅ ဦးအားအကြောင်းမဲ့ သတ်ဖြတ်မှုနှင့် YDF၊ CDF ရဲဘော်များ ကျဆုံးမှုအတွက် နေရာဒေသမရွေး ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမည်ဟု YDF-ထီးလင်းက ဆိုသည်။