
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို ပြည်သူ့ခုခံစစ်အနေနဲ့ ခုခံဆင်နွှဲနေသော Generation Z Power ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (မန္တလေး) ၏ထုတ်ပြန်ကြေညာချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။
ကြေညာစာအမှတ် ( ၁၂ / ၂၀၂၁)
ရက်စွဲ။ ။၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ ( ၄ ) ရက်။
ယနေ့ (4.11.2021) ရက်နေ့ ညနေ ၅နာရီ ၅၀ မိနစ်ခန့်၌ မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊အရာတော် ရပ်ကွက်တွင်နေထိုင်သူ စစ်ကောင်စီသတင်းပေးခြင်းနှင့်သံ/နောက် ၁၈ ရက်ကွက် ယာယီဥက္ကဋ္ဌရာထူးဖြင့် လှုပ်ရှားဆောင်ရွက်နေသော ဦးမျိုးနိုင်ဆိုသူဒလန်အား ကျွန်ုပ်တို့ GZP(Mandalay) ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့မှ ထိုသူ၏နေအိမ်မှာပဲ ၅ ချက်တိတိပစ်ခတ် ရှင်းလင်းခဲ့ပါသည်။
နောက်ဆက်တွဲသတင်းအနေဖြင့် နေရာမှာပဲပွဲခြင်းပြီးသေဆုံးသွားကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးတွင် စစ်ကောင်စီ၏ အနွယ်ဝင်များနှင့် ဒေါက်တိုင်မှန်သမျှကို ကျွန်ုပ်တို့ GZP(Mandalay) မှ သုတ်သင်ရှင်းလင်းသွားမည်ဖြစ်သည့်အတွက် မိဘပြည်သူတို့အနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရား လည်ပတ်စေရေးတွင် ပါဝင်ပတ်သတ်ခြင်းမပြုရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
Generation Z Power ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (မန္တလေး)