
ဒီနေ့ညနေပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြိုနယ်၊ (၉၄) ရပ်ကွက် ရာအိမ်မှူး အမျိုးသမီး တစ်ဦးကို အမည်မသိသူတွေကသေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
” ဈေးဝယ်ပြီးပြန်လာတာ၊ ဆိုင်ကယ်နဲ့လူပစ်သွားတာလို့သိရတယ်၊ ကာဏာသိမ်းပြီးနောက် ရာအိမ်မှူးတက်လုပ်တဲ့သူ၊ မိန်းမတန်မဲ့မကြောက်မရွံ့ သူမို့ရာအိမ်မှူးလုပ်ရဲတယ်၊ သေတော့မသေသေးဘူးဆေးရုံပို့လိုက်တယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။
ဒဂုံဆိပ်ကမ်းမြိုနယ်၊ (၉၄) ရပ်ကွက်၊ အင်ကြင်းလမ်း နဲ့ ကံ့ကော်လမ်းထောင့် မှာအနောက်ကလိုက်ပါလာတဲ့ ဆိုင်ကယ်တစ်စီးပေါ်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး နောက်ကျောကျည်ထိမှန်ခဲ့လို့ ဆေးရုံးပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့ဒီဇင်ဘာ(၈) ရက်နေ့မနက်ပိုင်းမှာလည်း လမ်းမတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းအဖွဲ့က ပရဟိတလုပ်နေတဲ့သူ မခင်နေမျိုး ကိုအမည်မသိသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ကျည်ဆံထိမှန်သေဆုံးခဲ့ပါသေးတယ်။