
ဒီနေ့နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်၊ (၂၅) ရပ်ကွက်၊ ချင်းတွင်းလမ်း မှာ မူလတန်းပြ ဆရာမ မဇွန်ထက်ထက်ဝင်း ကိုအမည်မသိသူတွေက သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
” သူကစက်ဘီးနဲ့ကျောင်းကပြန်လာပြီး အိမ်ရှေ့မှာစက်ဘီးရပ်ပြီး အိမ်ထဲဝင်ဖို့လုပ်နေတာဆိုင်ကယ်နဲ့လူနှစ်ယောက်လာပစ်သွားတာ၊ ကျည်သုံးလေးချက်လောက်ထိတယ်လို့ပြောတယ်၊ သေတော့မသေပါဘူး၊ အခုဆေးရုံခေါ်သွားပြီ” လို့ဒေသခံတစ်ဦးကပြောပါတယ်။
သေနတ်ပစ်ခတ်မှုကြောင့် မဇွန်ထက်ထက်ဝင်း ရဲ့ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲလက်ပြင် ကျည်ထိမှန်ဒဏ်ရာ တစ်ချက်ရရှိပြီး ဆေးကုသမှုခံဖို့ ဆေးရုံကိုပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။