
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ်၊ (၃၃) ရပ်ကွက်၊ငါးမာန်အောင်ဘုရားလမ်း နဲ့ ဆရာစံလမ်းထောင့်မှာ ဒလန်လို့နာမည်ထွက်နေတဲ့ အမျိုးသားတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
” အသက်(၅၀) လောက်ရှိမယ်၊ လမ်းလျှောက်နေတုန်းအပစ်ခံရတာ၊ ခေါင်းကိုအနောက်ကနေပစ်တာ မျက်လုံးကနေကျည်ဆံဖောက်ထွက်သွားတယ်လို့သိရတယ်၊ နာမည်နဲ့လိပ်စာတော့မသိဘူး၊ ဒလန်ဟုတ်မဟုတ်ဆိုတာလည်းမသိဘူး” လို့ဒေခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်ခံရလို့သေဆုံးသူနဲ့ပတ်သက်ပြီး အသေးစိပ်အကြောင်းအရာတွေကို ဆက်လက်စုံစမ်းနေပြီး လက်ရှိအချိန်မှာ ပစ်ခတ်ခံရလို့ သေဆုံးသူကို မြောက်ဥက္ကလာပဆေးရုံသိုပိုဆောင်လိုက်ပြီ ဖြစ်တယ်လို့သိရပါတယ်။