
ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ်၊ အမှတ်(၃၁)ရပ်ကွက်က ရာအိမ်မှူး ဦးတင်လှိုင် ကို ဒီနေ့နေ့လည်ပိုင်းမှာ လှိုင်ရတနာလမ်း နဲ့လှိုင်ရတနာ(၁)လမ်းထောင့် ရှိသူနေအိမ်မှာ ထိုင်နေချိန် အမည်မသိသူတွေက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားပြီဖြစ်တယိလို့ ဒေသခပြည်သူတွေဆီက သိရပါတယ်။
” ပစ်သံတွေမနည်းဘူး၊(၁၀) ချက်အကျော်ပဲ၊ သူ့အိမ်ရှေ့ကကွပ်ပျစ်ခုံမှာ ထိုင်နေတုန်းလာပစ်သွားတာ၊ ခန္ဓာကိုက်အနှံ့ထိတယ်လို့သိရတယ၊ ဆေးရုံပို့နေချိန်ပဲ လမ်းမှာသေသွားပြီ” လို့ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီအဖွဲ့က ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ် ကိုစစ်အုပ်ချုပ်ရေးကြေညာထားပြီး နေ့စဉ်နီးပါးစစ်ဆေးတာတွေ ဖမ်းဆီးတာတွေ လုပ်နေပေမယ့် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့တွေကလည်း ဖမ်းဆီးစစ်ဆေးနေတဲ့ကြားမှာဘဲ သတင်းပေးဒလန်တွေ၊ စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီဒေါက်တိုင်နေရာတွေကို ဖောက်ခွဲရှင်းလင်း ပစ်ခတ်တာတွေရှိနေတယ်လို့ သိရပါတယ်။