
မကွေးတိုင်း၊ ရေစကြိုအတွင်းရှိ၊ ကျေးရွာတွေက လူတချို့ဟာ ဒလန်မလုပ်ဖူးကြောင်းနဲ့ နောင်ကိုလည်း လုပ်မှာမဟုတ်ကြောင်း PDF အဖွဲ့ထံ ဝန်ခံကတိပြုစာပေးပို့ခဲ့ကြောင်း PDF အဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ခံဝန်ကတိလက်မှတ်ရေးထိုးထားသူ ၁၆ ဉီးဟာ စာကို နိုဝင်ဘာလ ၉ ရက်မှစကာ နိုဝင်ဘာလ ၁၁ ရက်နေ့ပေးပို့ခဲ့တာဖြစ်ပြီး ဒလန်သတင်းပေးမလုပ်ခဲ့ကြောင်း နောင်တွင်လည်း စစ်သားတွေ၊ ရဲတွေ၊ စစ်ကောင်စီတို့ကို ဆက်သွယ်ကာ ဒလန်အဖြစ် သတင်းပေးမှာ မဟုတ်ကြောင်း ရေးသားထားပါတယ်။
ခံဝန်ဂတိထိုးတဲ့ လူတွေကတော့ ဝါးဘိုး၊ မင်းရွာ၊ ထန်းဆယ်ပင်နဲ့ ကမ္မတောကျေးရွာတွေမှာနေထိုင်သူ ၁၆ ဦးတိုဖြစ်ကြောင်း သိရပါတယ်။