
သတင်းပေး ဒလန်လို့ နာမည်ကြီးနေတဲ့ သာကေတမြို့နယ် ၊ (၇) အရှေ့ ရပ်ကွက်က အောင်ကြီး သေနတ်ပစ်ခံရလို့ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
“ဒလန်အောင်ကြီး သေနတ်နဲ့ပစ်ခံရလို့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားပြီကြားတယ်။” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်တော်သား သတင်းပေးဒလန်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့စဉ်သုတ်သင်ရှင်းလင်းနေတာဖြစ်ပါတယ်။