
ဒီနေ့မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာ ကိုအကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဒုတိယအကြိမ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီး နေတယ်လို့ဒေသခံပြည်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၈) ရက်နေ့မှာ အင်အား(၈၀) လောက်ရှိတဲ့ စစ်သားတွေက ယာတဲတစ်ခုမှာ စခန်းချနေထိုင်ခဲ့ကြပြီး ပြန်လည်ထွက်ခွါချိန်မှာ အနီးအနားရှိတဲ(၇) လုံးကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း စစ်သားတွေပြန်လည်ရောက်ရှိလာပြီး အခုလိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။နိုဝင်ဘာ(၂၇)ရက် ညနေပိုင်းမှာစတင်ပြီး စစ်တပ်က ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ(၃) ဦးထက်မနည်းသေဆုံးခဲ့ရတာပါ။
လက်ရှိစာရင်းတွေအရ သေဆုံးသူ(၂) ဦးရဲ့စာရင်းသာသိရသေးပြီး မြေပြင်မှာအဲ့ဒီထက်ပိုနိုင်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က ဒီပဲယင်းမြို့နယ်အတွင်းကို စစ်သည်အင်အား (၄၀၀) နီးပါအသုံးပြုကာ ရွာစဉ်တလျှောက် စီးနင်းဝင်ရောက် တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူ နှစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးအတွက် အခက်အခဲအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။