
ကွာရင်းတင်းဝင်ပြီးတဲ့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာစွာနဲ့ ဒီနေ့ နေပြည်တော်က ရုံးချိန်းကို တက်ရောက်လာတယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ် ရုံးချိန်းတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒီလိုမတက်ရောက်နိုင်ခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနားက အမျိုးသမီးတစ်ဦး ကိုဗစ်ကူးစက်ခံရတဲ့အတွက် ကွာရင်းတင်းဝင်နေရတာဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ကိုဗစ်ကူးစက်မခံခဲ့ရပါဘူး။ ဒီနေ့ ရုံးချိန်းကိုလာရောက်ချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပုံရတယ်လို့ တရားရုံးအသိုင်းအဝိုင်းကတဆင့် သိရပါတယ်။
ဒီနေ့ရုံးချိန်းကတော့ စစ်ကောင်စီက အစိုးရလျှို့ဝှက်အက်နဲ့စွဲဆိုတဲ့ အမှုပဲဖြစ်ပါတယ်။