
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်ချယ်ရီထက်အား ပုဒ်မ ၅၀၅ (က)နဲ့ ယနေ့ မတ်လ ၃၁ ရက်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း နေပြည်တော် ရှေ့နေအသိုင်းအဝိုင်းထံမှ သိရပါတယ်။
” ချယ်ရီထက်ကို ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တာဟုတ်ပါတယ်” လို့ နေပြည်တော်ရှိ ရှေ့နေတစ်ဦးက အတည်ပြုပြောဆိုပါတယ်။
ချယ်ရီထက်ဟာ လက်ရှိမှာ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ နဲ့ ထောင်သုံးနှစ်ချမှတ်ခံထားရသူဖြစ်ပြီး ဇန်နဝါရီလ ၁၃ ရက်က ပုဒ်မ ၅၀၅ (က) အမှုနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။
၎င်းအနေနဲ့ စစ်ကောင်စီ စွပ်စွဲချက်များနဲ့ ပတ်သတ်ပြီး ဖေဖော်ဝါရီလ ၁၇ ရက် တရားခွင်မှာ ၎င်း၌ အပြစ်မရှိကြောင်း ချေပ ပြောဆိုခဲ့သော်လည်း စစ်ကောင်စီက ထောင်ဒဏ် ၂ ထပ်မံချမှတ်လိုက်ခြင်းဖြစ်ပါတယ်။