
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံ တောင်ပိုင်းရဲ့ မြို့ပြစစ်ဆင်ရေးဖြစ်တဲ့ နန်းထိုက်အောင်စစ်ဆင်ရေးဟာ ၁၀ ကျော်အတွင်း စစ်အုပ်စုနဲ့သက်ဆိုင်တဲ့ မစ်ရှင်ပေါင်း ၃၄ ခုကို ဖော်ဆိုင် နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၈ ရက်နေ့က စတင်ကာ စစ်အုပ်စုနဲ့သက်ဆိုင်တဲ့ပစ်မှတ်တွေကို ဦးစားပေးတိုက်ခိုက်ခဲ့တဲ့ နန်းထိုက်အောင် စစ်ဆင်ရေးဟာ ၁၂ ရက်အတွင်းမှာ စစ်အုပ်စုနဲ့သက်ဆိုင်တဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး နဲ့ စစ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်ရှင်းလင်းဆောင်ရွက်ခဲ့တာ မစ်ရှင်းပေါင်း ၃၄ ခုထိရှိပြီလို့ သိရပါတယ်။
ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်းကလည်း စစ်ရေးပစ်မှတ်ဖြစ်တဲ့ စစ်တပ်ပိုင်မြန်မာဘီယာစက်ရက်ရုံကို ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အမှတ် ၃ လမ်းမမှာရှိတဲ့ စစ်တပ်ပိုင်း မြန်မာဘီယာစက်ရုံကို ညနေ ၄ နာရီ လောက်မှာ မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
နန်းထိုက်အောင်စစ်ဆင်ရေးစတင်ချိန်ကနေ ဒီကနေ့အထိ ပြည်သူများမျက်လုံးကျန်စေတဲ့ မစ်ရှင်ကတော့ အာဏာသိမ်း စစ်ခေါင်းဆောင်အိမ် စောင့်တဲ့ ဂိတ်ကိုဝင်ပစ်လို့ စစ်အုပ်စုဩဇာခံ ရဲတဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်တယ်လို့ ပြည်သူအများစုကပြောဆိုမှုတွေလည်း ရှိနေပါတယ်။