
နိုဝင်ဘာ ၂၅ နှင့် ၂၆ ရက်တွင် ASEAN လက်ရှိ ဥက္ကဌ ဖြစ်သော ကမ္ဘောဒီယားနိုင်ငံ၏ ဦး ဆောင်မှုဖြင့် အွန်လိုင်းမှ ကျင်းပရန်ရှိသည့် အာဆီယံ-ဥရောပ ထိပ်သီး ဆွေးနွေးပွဲသို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ရမည် မဟုတ်ဟု Nikki Asia Review က ရေးသားလိုက်သည်။
မည်သည့် ရာထူး အဆင့်ရှိသူကို ဖိတ်ကြားမည်ကိုတော့ ဆက်လက်ညှိနှိုင်းသွားမည်ဟု ဆိုသည်။
ဥရောပဘက်မှလည်း အာဏာသိမ်း စစ်ခေါင်းဆောင်ကို မဖိတ်ကြားရန် စိတ်ပိုင်းဖြတ်ထားပြီဟု အဆိုပါသတင်းဌာနတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့်လကုန်ပိုင်းက ကျင်းပခဲ့သော ၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်ခွင့် မရခဲ့သလို မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် နေရာကို ချန်လှပ်ခြင်း ခံရသည်။
ထို့အပြင် လက်ရှိ ဥက္ကဌ ဖြစ်သော ကမ္ဘောဒီးယား နိုင်ငံအနေဖြင့်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးအတွက် ဆက်လက်ဖိအားပေးသွားမည်ဟု ပြောကြားထားသည်။