
၁၅.၁၂.၂၀၂၁ ရက်နေ့၊ ယနေ့ နေ့လည် (၁၂) နာရီဝန်းကျင်ခန့်က နေပြည်တော်ရှိ MICC 1 တွင် စစ်သင်တန်းနှင့် လက်နက်ငယ်သင်တန်းအား ရဲဌာနချုပ်မှ ရဲဝန်ထမ်းများ၏ ဇနီးများ/မှီခိုမိသားစုဝင် အမျိုးသမီးများကို လေ့ကျင့်သင်ကြားပေးနေစဉ် ဆိုင်ကယ်ဖြင့် အမည်မသိသူရဲကောင်း(၂)ဦးမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းပေးပို့မှုအရ သိရှိရပါသည်။
အဆိုပါပစ်ခတ်မှုတွင် ဒဏ်ရာရရှိမှုအခြေအနေမသိရှိရသေးပဲ သင်တန်းတာဝန်ရှိသူများမှ သေနတ်ဖြင့်လာရောက်ပစ်ခတ်သည်မှာမဟုတ်ကြောင်း ၊ သင်တန်းသားအမျိုးသမီးများမှ လေ့ကျင့်နေစဉ် ကျည်ပေါက်ထွက်မှုသာဖြစ်ကြောင်း ငြင်းဆိုဝါဒဖြန့်လျက်ရှိပါသည်။
ထိုသို့ငြင်းဆိုနေသော်လည်း သေနတ်ဖြင့်လာရောက်ပစ်ခတ်မှုမှာ အမှန်တကယ်ဖြစ်ပွားသွားခဲ့ပြီး သင်တန်းတွင်အသုံးပြုနေသည့်သေနတ်များမှာ လေ့ကျင့်ရေးသေနတ်များဖြစ်သဖြင့် ကျည်ပေါက်ထွက်မှုမှာ လုံးဝမဟုတ်ကြောင်း၊ သင်တန်းအချိန်ဇယားအရ ပစ်ခတ်စဉ်အချိန်သို့ မရောက်ရှိသေးကြောင်း ဆက်လက်ပြောကြား သတင်းပေးပို့ထားပါသည်။