
နွေဦးရေ
လေရူးနဲ့အတူ
ကူကာဖေးလို့
တို့ပြည်သူကိုညစ်တဲ့
စစ်ရူးတသိုက်ကို
ဟို စကြဝဠာအပြင်
နှင်ထုတ်လိုက်ကြ….။
.
နွေဦးရေ
မြေခကြွေခဲ့
ဝေရွက်တွေအတွက်
တသက်မမေ့ဘူး
လေပြေကြားက
သတင်းစကား
ပါးလိုက်ပါရစေ…..။
.
နွေဦးရေ
အထူးအောင်ပွဲ
ငါတို့နွှဲမယ်
ရဲရင့်ပြည်သူ
ကမ်းလက်တူနဲ့
ယူဆောင်ကြမည်
ဒီမိုကရေစီ။…..။
.
မိုးစက်ပန်း
၂၁.၂.၂၁