
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူတက္ကသိုလ်တွင် တပ်စွဲထားသော စစ်တပ်ကို ရှော့ပြောင်းဖြင့် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
Southern YSO PDF နှင့် ပူးပေါင်း မဟာမိတ် PAKOKKU NORTH PDF တို့က ဧပြီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၈ မိနစ်အချိန် ပခုက္ကူတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ကင်းစောင့်နေသော စစ်သား ၅ ဦးကို ရှော့ပြောင်းအကြီးစား (၂) လုံးဖြင့် တိုက်ခိုက်ခဲ့ရာစစ်သား ၃ ဦးသေဆုံးကြောင်း၊ ထပ်မံ၍ စစ်ကောင်စီ ဂိတ်တစ်ခုကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။