
ဒီဇင်ဘာ ၁၅ ရက်မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်၊ပင်းတလဲ -မိတ္ထီလာ လမ်းဘေးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်အား ဝမ်းတွင်းတော်လှန်ရေးအင်အားစု-WTRFမှ တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ပင်းတလဲ -မိတ္ထီလာလမ်းဘေး တွင် တည်ရှိသော အိုမတွေ့ကျေးရွာ အလယ်တန်းကျောင်း အပြင်ဘက် အရှေ့မြောက်ဒေါင့် ဇရပ် တွင် ကင်းပုန်းချထားသော စစ်တပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှခဲ့ကြောင်း သိရသည်။