
နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁နာရီခန့်အချိန်တွင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ တပ်စိပ် ၁ မှ ဗိုလ်မိုက်တီး ဦးဆောင်သော အဖွဲ့နှင့် PRA People Revolution Army ပြည့်သူ့တော်လှန်ရေးတပ်ဖွဲ့တို့ပူးပေါင်းကာ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် မင်းရွာကျေးရွာအနီးရှိစစ်တပ်ပိုင် Mytel တာဝါတိုင်နှင့်Mytel စက်ခန်းကို စစ်တပ်ကထောင်ထားသော မိုင်းများရှင်းလင်းကာဖောက်ခွဲဖျက်ဆီး လိုက်ကြောင်း သတင်းထုတ်ပြန်သည်
