
ယနေ့ နိုဝင်ဘာလ ၂ဝရက်နေ့ နံနက် ၁၁နာရီခန့်အချိန် စစ်ကိုင်းတိုင်း၊ ပုသိမ်- မုံရွာလမ်းတွင် ယင်းမာပင် PDFက မိုင်းရှင်းလင်းရေး လာရောက် လုပ်ဆောင်သည့် စစ်ကား ၁ စီးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ဦး သေဆုံးကြောင်း ယင်းမာပင် PDF အဖွဲ့ထံမှ သိရသည်။
အလားတူတန့်ဆည်မြို့နယ် ကပဲရွာနှင့်ဘေရင်းရွာ အနီးတဝိုက်တွင် ယနေ့ နိုဝင်ဘာလ ၂ဝရက်နေ့ ညနေ ၃နာရီတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့၊ ပျူစောထီးအဖွဲ့နှင့် တန့်ဆည်မြို့နယ် PDF တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားကြောင်း၊ စစ်ကူရန်လာသော စစ်ကား ၁စီး မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ဦးသေဆုံးကြောင်း တန့်ဆည်မြို့နယ် PDF အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်ကောင်စီ စစ်ကားသည် တန့်ဆည်ရဲစခန်းမှ စစ်ကူရန် ထွက်လာခြင်းဖြစ်ပြီး တန့်ဆည်နှင့် ငတန်းကြားတွင် တန့်ဆည်မြို့နယ် PDFအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။