
မကွေးတိုင်း ပေါက်မြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ ကာကွယ်ရေး ပစ္စည်း စက်ရုံ ကပစ ၂၄ ကို မတ်လ ၃ဝ ရက်နေ့ မွန်းလွဲ ၃နာရီ ၄၅ မိနစ်ခန့်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၄လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KG တပ်ဖွဲ့ထံမှသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KG မြို့ပြပျောက်ကြားအထူးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
” ကပစ-၂၄ ပေါ့။ ပေါက်မြို့နယ်၊ မကွေးတိုင်းအခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံကို ဘက်နက်ကြီးသုံးပြီး ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။အတွဲ ၄ ဆိုင်းခွဲပြီး ပစ်ခတ်ခဲ့တာပါ။ အတွင်းလူ သတင်းပေးချက်အရ ပစ်မှတ်များကို ထိမိအောင်အောင်ပစ်ခတ်နိုင်ခဲ့ပါတယ်။ ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု KG မြို့ပြပျောက်ကြားအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။