
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ရဲစခန်း အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ယမန်နေ့ မတ်လ ၃၀ ရက် နေ့လယ် ၂ နာရီ မိနစ် ၂၀ ခန့်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အရာရှိ အပါအဝင် ရှစ်ဦး သေဆုံးခဲ့ကြောင်း ဖရူဆို PDF က ထုတ်ပြန်သည်။
တစ်နာရီကျော် ကြာသည့် ယင်းတိုက်ခိုက်မှုကို ဖရူဆို PDF ၊ KNDF B-04 ၊ DMO PDF တပ်ရင်း (A,B,D,G)၊ အလယ်ပိုင်းတိုင်း (၁၁၀၁) နှင့် နည်းပညာ လက်ရုံးတပ် CTU စသည့် မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက် ခဲ့ကြောင်း ၎င်းတို့ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖရူဆို PDF က ထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ ၂၆ နှင့် ၂၇ ရက်နေ့တွင် ဖရူဆို အခြေစိုက် စစ်ကောင်စီ ခ.မ.ရ (၄၂၈) တပ်ရင်းကို KA ၊ KNDF B-04 ၊ KNDF B-08 တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ဖရူဆို PDF