
KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း နိုဝင်ဘာလ ၁၅ ရက် တစ်ရက်အတွင်း ထိတွေ့ပစ်ခတ်မှု ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်မှ ၉ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရပြီး စစ်ကား ၄ စီး ပျက်စီးသွားကြောင်း KNLA သတင်းရင်းမြစ်ထံမှ သိရှိရသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စကခ ၈ လက်အောက်ခံ ခမရ ၄၀၆ တပ်ဖွဲ့သည် လက်နက်ကြီး လက်နက်ငယ်များဖြင့် အများပြည်သူနေထိုင်သော ကျေးရွာများအတွင်း ပစ်ခတ်ခဲ့ပြီး နေအိမ်အချို့ ပျက်စီးကာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၉ နာရီခန့်တွင် ဖာပွန်-ကမမောင်းလမ်းတွင် ဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် ဗိုလ်လှကြိုင် ဦးဆောင်သည့် BGF တပ်ရင်း ၁၀၁၃ ပူးပေါင်းတပ် အား KNLA တပ်ရင်း ၁၀၂ က သွားရောက်ပစ်ခတ်ခဲ့ပြီး အဆိုပါ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်၍ ပိုမာဟဲကျေးရွာရှိ အများပြည်သူပိုင် ကျွဲ ၄ ကောင်၊ နွား ၁ ကောင် သေဆုံးခဲ့ရသည်။
ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေ BGF က အများပြည်သူနေအိမ်များအတွင်း လက်နက်ကြီး/ငယ်များ ပစ်ခတ်သဖြင့် ကျွဲနွားများနှင့် နေအိမ်များ သေဆုံးပျက်စီးနေပုံ