
နိုဝင်ဘာ ၅ ရက်မနက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာမှာ ရဲတပ်ဖွဲ့ကားတစ်စီး မိုင်းဖောက်ခွဲခံရတယ်လို့ သိရပါတယ်။
မှော်စီစာကျေးရွာ အ.ထ.က (ခွဲ) ကျောင်းအနီး ရပ်ထားတဲ့ ရဲကားတစ်စီး မနက် ၈ နာရီခွဲလောက် မိုင်းခွဲခံရတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“မိုင်းပေါက်ကွဲသံအတော်ကျယ်တယ်။ ရပ်ထားတဲ့ ရဲကား မိုင်းခွဲခံရတာ။ ကားတော့မှန်တွေ ကွဲသွားတယ်။ လူကတော့ ကားပေါ်မရှိတဲ့အတွက် ထိခိုက်တာမရှိဘူး” လို့ မှော်စီစာ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ သြဂုတ် ၁၉ ရက်နေ့က ရဲကားနှစ်စီးကင်းလှည့်နေချိန် အမည်မသိ လက်နှက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် ဒုတပ်ကြပ် နယ်ထိန်းတစ်ဦး သေဆုံးခဲ့ပါတယ်။