
နိုဝင်ဘာလ ၁၈ ရက်ညက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဖားချောင်းရွာမှာ စစ်ကောင်စီသတင်းပေးဒလန်လို့ နာမည်ကြီးသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ည ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးတဲ့ ဦးကျော်ဦးကို အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက်ပစ်သတ်ခဲ့ပြီး နေအိမ်ကိုမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ ရွာကိုရောက်လာတဲ့စစ်ကောင်စီတပ်တွေလမ်းမှာမိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဘက်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။
မှာမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ကနဦးသိရပြီး ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။