
ဒီကနေ့ နံနက် အစောပိုင်းလောက်က ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက် မှာ ရပ်ကွက်ထဲ နာမည်ကြီး ဒလန် မျိုးသော်အောင် ပစ်သတ်ခံလိုက်ရပါတယ်။
ကျိုက္ကဆံရပ်ကွက်မှာ ဒီနေ့သတ်ခံလိုက်ရတဲ့ ဒလန်ဟာ ရပ်ကွက် နားက ဆန္ဒပြပွဲတွေတုန်း က စက်ဘီးတစ်စီးနဲ့ပတ်ပြီး မြေပြင်အခြေအနေတွေကို ထောက်လျှောက်သတင်းပေးခဲ့သူဖြစ်ပါတယ်။
သူမသေခင်ထိ စစ်တပ်နဲ့ အဆက်အသွယ် မပြတ် ရှိနေသူပါ။
မနေ့က မြလမ်းမှာ လူငယ်တစ်ဦး ဖမ်းခံရတာလည်း သူ့လက်ချက်ဖြစ်နိုင်တယ်လို့ ရပ်ကွက်နေပြည်သူတွေက သုံးသပ်ကြပါတယ်။
ပစ်သတ်ခဲ့တဲ့ အဖွဲ့က ဘယ်သူဘယ်ဝါဆိုတာထုတ်ပြန်ထားခြင်းမရှိသေးပါ။