
နိုဝင်ဘာ ၉ တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဂွေ့ကြီးယိုကျေးရွာမှ စစ်ကောင်စီသတင်းပေး ဒလန်တင်စိုးအား ရှင်းလင်းခဲ့သည်ဟု ပေါက်မြို့နယ် PDF က သတင်းထုတ်ပြန်သည်။
ဒလန် တင်စိုးသည်အစောပိုင်းရက်များ၌ တော်လှန်ရေးကိစ္စများတွင် တက်ကြွလှုပ်ရှားသူအဖြစ်ပါဝင်ကာ တော်လှန်ရေး အတွင်းသတင်းများအား သတင်းနှိုက်ယူခဲ့ပြီးမဘသ ဘုန်းကြီးတစ်ပါးနှင့် ပေါင်းကာ PDF ထံမှ လက်နက်လုရန် ကြိုးစားခဲ့သည်ဟု ပေါက် PDF က ထုတ်ပြန်သည်။
ကိစ္စပြီးသည့်နောက်တွင် တင်စိုးသည် ရွာမှ တိမ်းရှောင်သွားခဲ့သည်ဟု ဆိုသည်။ပြည်သူတစ်ဦး၏ သတင်းပေးတိုင်ကြားချက်အရ ”တင်စိုး”သည် ရေပြာရွာ ”မေလက်ရာ”ဆိုင်တွင် ပျူစောထီးအဖွဲ့ဝင်များဖြစ်သည့် ”တင်အေး ၊ပြေအေး” တို့နှင့် အစည်းအဝေးပြုလုပ်ကြောင်း အခိုင်အမာ သိရှိရသည်ဟုဆိုသည်။
ရွာအပြန် အဝင်ဝတွင်လည်း ပျူစောထီး အားကိုးနှင့် ဆိုင်ကယ်ပေါ်ကနေ “ဗိုလ်အောင်ဒင် လင်မယားပြန်လာပြီကွ” ဆိုပြီး ကြွေးကြော်ကာ ရွာအတွင်းဝင်ရောက်ခဲ့ချိန်တွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ရွှေဘုံသာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကြံ့ဖွံ့ပါတီဝင်တဦးကိုလည်း ကျောင်းတက်ရန်စည်းရုံးနေခြင်း၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေသောကြောင့် ပေါက်မြို့နယ် PDF က သတိပေးထားသည်။