
နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ဖက်ခတ်ရွာအနီးတွင် စကစနှင့်ပျူစောထီးများ နယ်မြေရှင်းလင်းရေး အကြောင်းပြ လှည့်လည်လာရာ အသင့်စောင့်နေရာယူထားသော မင်းကင်း ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့က လက်နှက်ကြီးဖြင့် ပစ်ခတ်တိုက်ရာ ၁၀ ဦးကျော်သေဆုံးပြီး ၂၀ ကျော် အပြင်းထန်ဒါဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
မင်းကင်းတွင်ရောက်ရှိနေတဲ့ ကျောက်စိမ်းတင် မော်တော်များ ဆုန်ဆင်းနိုင်ရန် နယ်မြေရှင်လင်းရေး လုပ် ဆောင်ရန်အလာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသင့်စောင့်ဆိုင်းကာ လက်နှက်ကြီး ပတ်ခတ်တိုက်ခိုက်ခံရပြီး နောက်ပြန်အဆုပ်တွင် မိုင်းမိကာ သေဆုံးသူ ၁၀ ဦး ကျော်နှင့် ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိသည်ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရပါတယ်။
“ကျောက်စိမ်းမော်တော်တွေဆုန်ဖို့ နယ်မြေရှင်းလာတဲ့အချိန်မှာ ကိုယ့်ဘက်က အသင့်စောင့်ပြီး လက်နက်ကြီး ငါးချက် ခြောက်ချက် ပစ်လိုက်တာလည်းထိတယ်။ ခွေးတွေကကြောက်ပြီး ပြန်အလှည့်မှာ မိုင်းတွေ နင်းမိပြီးလည်းထိတယ်။ ဗိုလ်တွေလည်းသေတယ်။ တောင်ဖြူက ပျူခေါင်းဆောင်လည်း သေတယ်။ သေဆုံးကတော့ ၁၀ ဦးကျော်တယ်။ အပြင်းအထန်ဒဏ်ရာရတာက ၂၀ ကျော်တယ်ဗျ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မင်းကင်း တောင်ယာတောဆိပ်ကမ်းမှာ ရပ်နားထားတဲ့ ကျောက်စိမ်းတင်မော်တော်တွေလည်း ဆုန်ဆင်းဖို့ ရက်အနည်းငယ်ကြာနိုင်ပြီး တောင်ဖြူမှာရပ်နားထားတဲ့ စကစ၏ ထောက်ပို့မော်တော်တွေလည်း ကနီ မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် စက်ခန်းပျက်စီးသွားပြီး ပြုပြင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။