
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသ ဖက်ခတ်ကျေးရွာအနီးတွင် ဒုတိယအကြိမ်နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန်တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ကာ သေဆုံးသူ ၁၂ ယောက်နှင့်ဒါဏ်ရာရရှိသူ အများပြားရှိသည်ဟု သိရပါတယ်။
နိုဝင်ဘာ ၃၀ ယနေ့နံနက် ၈ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်ပျူစောထီး အဖွဲ့များသည် မင်းကင်းတွင် ရပ်နားထားသော ကျောက်စိမ်းမော်တော်များ စုန်ဆင်းနိုင်ရန် နယ်မြေရှင်းလင်းရေး ဒုတိယအကြိမ်လာရောက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အသင့်ထောင်ထားသော မိုင်းလေးလုံးမိပြီး သေဆုံးသူ ၁၂ ယောက်ခန့်ရှိပြီး ဒဏ်ရာရရှိသူ အယောက်၂၀ခန့် ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။
” သေဆုံးကတော့ ၁၂ ယောက်လောက်ရှိတယ် ဒဏ်ရာရတဲ့သူ ၂၀ လောက်ရှိတယ်ဗျ၊သူတို့ဘက်က ပစ်ခတ်ပြီးတော့ နောက်ဆုတ်သွားတယ်၊ကျနော်တို့က သေနတ်ဖောက်တော့လည်းရှေ့မတက်ခဲ့ဘူး ပြီးတော့အရှေ့ဘက်ကမ်းက pdf အဖွဲ့က လက်နှက်ကြီးနဲ့ပစ်တော့ ကြောက်ပြီးမတက်တာလည်းဖြစ်နိုင်တယ် နောက်သူတို့ဘက်ကနေ စက်လှေ ၉ စီးနဲ ရေကြောင်းကနေ ခေါ်ဆောင်သွားတယ်”ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကနီနှင့်မင်းကင်း မြစ်ရိုးတစ်ရှောက်တွင် ယနေ့ နေ့လည် ၁နာရီခွဲအချိန်က ရဟက်ယာဥ်နှစ်စီး ပျံသန်းပြီး စစ်ကောင်စီမှ ဝါဒဖြန့်သတင်းစာများလည်းဂဖြန့်ကျဲထားခဲ့သည်ဟု အဲ့ဒီဒေသခံတစ်ဦးထံက သိရပါတယ်။