
မင်းတပ်-မတူပီလမ်း ၁၉ မိုင် တွင် နေ့လည် ၁ နာရီကျော်၌ တိုက်ပွဲ စပြီး စကစ ၁၀ ဦးကျော်ခန့် ကျဆုံးသည်ဟု သိရသည်။
ယခင်တိုက်ပွဲများနှင့်မတူဘဲ စကစယဉ်တန်းရှည်သည် သံချပ်ကာ ၂ စီး ကို ရှေ့ထုတ်ပြီး စစ်ကားများကိုလည်း ၂ စီးဘေးချင်းယှဉ်၍သာ ရှေ့ဆက်တိုးကြသည်ကို တွေ့ရသည်။
CDF-MINDAT ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရှေ့သံချပ်ကာ ကားပေါ်မှ စက်လတ်(light machine gun)ပစ်သူ အပါအဝင် ၁၀ ဦးကျော်ကျဆုံးပြီး မိုင်းထိ၍ ဒဏ်ရာရသူ အများအပြားလည်း ရှိသည်။
မိုင်တိုင် ၂၇ တွင်လည်း စကစ အလောင်းတစ်ခု မြေမြုပ်ခဲ့ကြသည်ကိုတွေ့ ရသည်။
စကစယဉ်တန်းရှည်သည် လက်နက်ကြီး ခဲယမ်းနည်းပါးလာသည်ဟု ယူဆရပြီး မင်းတပ်မှ ၁၁မိုင်ခန့်အထိ တက်လာသော ဒေသခံတပ်ရင်းကသာ လက်နက်ကြီး လှမ်းပစ်ကူသည်ကို တွေ့ရသည်။
(Nov 9) ရက်နေ့တွင် ၁၆ မိုင်တွင် တိုက်ပွဲစပြီး စကစ ၅ ဦးခန့် ကျဆုံးပြီး မိုင်းထိ ဒဏ်ရာရသူများသည်။
CDF-MINDAT မှ ဆက်လက်၍ ၁၄ မိုင်အထိ နောက်မှလိုက်လံတိုက်ခိုက်ခဲ့ရာ နောက်ထပ် ၂ ဦးခန့် ကျဆုံးပြီး ဒဏ်ရာရသူများ ရှိမည်ဟု ခန့်မှန်းရသည်။
လမ်းမပေါ် ရှိ သွေးကွက်များ ကို ဆေးခြင်း၊ မြေကြီးနှင့်ဖုံးခြင်း စသည်ဖြင့် သဲလွန်စများကို စကစများက ဖျောက်ဖျက်ကြသည်ကို တွေ့ရသည်။
ယနေ့ (Nov 10) တွင်လည်း ၁၁ မိုင်ဝန်းကျင်တွင် CDF-Mindat နှင့် စကစများ ထိတွေ့မှုရှိခဲ့သည်။