
ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့က၊ မင်္ဂလာဒုံမြို့နယ်ရှိ Terminal ဆီဆိုင်အနီး၊ ထွေအုပ်ရုံးတွင် ကင်းချထား သော အကြမ်းဖက်စစ်ကောင်စီတပ်များအား လျှပ်တပြက်ဝင်ရောက်ပစ်ခတ်ခဲ့မှုသည် Fight for Freedom (F.F.F) အဖွဲ့နှင့် မဟာမိတ်အင်အားစု “Myanmar Underground Revolutionary Movement (MURM)” တို့မှ ပူးပေါင်း၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သားနှစ်ဦး သေသွားသော အဆိုပါပစ်ခတ်မှုတွင် အနီးနားရှိ ပြည်သူတစ်ဦး ကျဆုံးသွားသည့်အတွက်လည်း ဝမ်းနည်းကြောင်းနှင့် ထိုကဲ့သို့ မလိုလားအပ်သောဆုံးရှုံးမှုများ ထပ်မံမဖြစ်ပေါ် စေရန် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ အနီးအနားတွင်မနေကြပဲ ခပ်ဝေးဝေးမှ ရှောင်ရှားသွားလာကြပါရန်လည်း မဟာမိတ်အဖွဲ့များမှ တောင်းဆိုထားသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်မှ ရွှေလက်ပိုင်ရှင်သည် လုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ပြီး ပြည်သူများစိုးရိမ်မှုမရှိစေရန်လည်း အသိပေးထားပါသည်။