
ယနေ့ညနေ ၅:၃၀ အချိန်က မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်၊အောင်ချမ်းအေးရပ်ကွက်၊ ၃၆ လမ်း၊ ၇၀ ၊ ၇၁ လမ်းအကြားတွင်တည်ရှိသည့် ရပ်ကွက်ရုံးကို ဖောက်ခွဲခဲ့သည်ဟု Justice Mandalay People Defence Force (JMPDF) မှ သတင်းထုတ်ပြန်လိုက်သည်။
ဖောက်ခွဲမှုတွင် အပြင်းအထန်ဒဏ်ရာရသွားသော စစ်သားမှာလည်း သေဆုံးသွားပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဖောက်ခွဲမှုအပြီးတွင် JMPDF ရဲဘော်များ အန္တရာယ်ကင်းစွာဖြင့် ဆုတ်ခွါနိုင်ခဲ့သော်လည်း၊ စစ်ကောင်စီတပ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ခဲ့သည်ဟု သိရသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သား၊ ရဲများနှင့် ဝေးဝေးနေကြပါရန်နှင့် CCTV တပ်ဆင်ထားသောအိမ်/ဆိုင်များမှ CCTV များမဖြုတ်နိုင်လျှင် လမ်းဘက်သို့မလှည့်ပဲ အိမ်/ဆိုင် အတွင်းဘက်သို့ လှည့်ပေးထားကြပါရန်လည်း JMPDF အဖွဲ့မှ တောင်းဆိုးထားပါသည်။