
မန္တလေးတိုင်းအတွက် ဖွဲ့စည်းထားသော MDY PDF တပ်ရင်း၊တပ်ဖွဲ့ဝင် ရဲဘော် (၁၀၀၀)ခန့်သည် လက်ရှိတွင် COVID-19ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (Mandalay People’s Defence Force – MDY PDF)က ယနေ့ သတင်းထုတ်ပြန်သည်။
“မန္တလေးတိုင်းအတွက် ဖွဲ့စည်းထားတဲ့ MDY PDF တပ်ဖွဲ့ဝင်တွေအား သင်တန်းဆင်းပွဲအပြီး COVID-19 ကာကွယ်ဆေး တစ်ထောင်နီးပါးခန့် ထိုးပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခုအကြိမ်က တတိယအကြိမ်မြောက် ဖြစ်ပါတယ်” ဟု MDY PDF က ဆိုသည်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ စီစဉ်ပေးမှုဖြင့် အမေရိကန်နိုင်ငံထုတ် ဖိုက်ဇာ (Pfizer) အမျိုးအစား COVID – 19 ကာကွယ်ဆေး အလုံးရေ နှစ်သိန်းကို PDF ရဲဘော်များအား ထိုးနှံပေးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တိုင်းရင်းသားဒေသများရှိ PDF ရဲဘော်များကို ဦးစားပေးအနေဖြင့် ထိုးနှံပေးနေကြောင်း PDF ရဲဘော်အချို့က ပြောသည်။
