
နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ပြုလုပ်တဲ့ တပ်ထောက်ခံပွဲမှာ သွေးသစ္စာသီချင်းမှာဖွင့်ခဲ့တဲ့ အမျိုးသားက အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
တပ်ထောက်ခံပွဲလုပ်ဖို့ ကားကို အတင်းအဓမ္မချောဆွဲလာပြီး ကားပေါ်ဘောက်တင်သီချင်းဖွင့်ခိုင်းချိန်မှာ သီချင်းမှားဖွင့်ခဲ့မိလို့ လူရော ကားကိုပါ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“‘အရေးကြီးပြီ ညီနောင်အပေါင်းတို” သီချင်းသံကြီးကထွက်လာတော့ချက်ချင်းပိတ်ခိုင်းပြီး သူ့ကို စစ်သားတွေကရိုက်နှက်ပြီးခေါ်သွားတာ။ ဘယ် ခေါ်သွားတာလဲတော့မသိဘူး။ကားကိုတော့ရဲစခန်းထဲထည့်ထားတယ်”လို့ ဒေသခံတဉီးက ပြောပါတယ်။
တပ်ထောက်ခံပွဲ သီချင်းမှားဖွင့်လို့ ဖမ်းဆီးခံရသူဟာ မအူပင်မြို့ မြို့သစ် (၂)လမ်းနေထိုင်တဲ့ ညီညီဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
မအူပင်မြို့မှာ လူ ၅ ဉီးထက်ပိုမစုရအမိန့် အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားပေမယ့် တပ်ထောက်ခံပွဲကို လူအင်အား ရာနဲ့ချီပြုလုပ်ခဲ့တာလို့ သိရပါတယ်။