
ယနေ့ နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ တပ်စွဲထားသော တိုင်းဆည်မြောင်းရုံးကို PDF လေးဖွဲ့ ပူးပေါင်း၍ ဝင်ရောက် ပစ်ခတ်ရာ စစ်သား ၄ ဦး ဦးခေါင်းကျည်ထိ၍ သေဆုံးသွားကြောင်း ဒေသခံများနှင့်ဒေသကာ ကွယ်ရေးတပ်များအဆိုကို ကိုးကား၍ မုံရွာဒေသသတင်းရင်းမြစ်က ပြောသည်။
စစ်ကိုင်းတိုင်း၊မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် အကြမ်းဖက်စစ်ကောင်စီတပ်များတပ်စွဲထားသည့် ဆည်မြောင်းရုံးကို ယနေ့ နံနက်၁၀နာရီဝန်းကျင်ခန့်အချိန် မြို့ပြပျောက်ကြားအဖွဲ့လေးဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် PDF-South Monywa,Monywa Heroes Group,Monywa UG Group နှင့် Monywa Night King တို့ ပူးပေါင်းတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယခုနှစ်မတ်လအတွင်း အင်အားပြနေသော အကြမ်းဖက် စစ်ကောင်စီ၏ ဖက်ဆစ်တပ်သားများ။