
နိုဝင်ဘာ၈ရက်နေ့ ည၁၁ နာရီဝန်းကျင်ခန့်က စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် မအူမုဒ်ပေါက်ရှိအကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို Monywa Ranger Groupနှင့် Chindwin Attack Force ခရိုင်တပ်ရင်း၂တို့မှ အဖွင့်မိုင်း၁၀လုံးဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Monywa Ranger Groupတာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
အဖွင့်မိုင်း၁၀လုံးဖြင့် မအူဂိတ်ကို Monywa Ranger Groupနှင့် Chindwin Attack Force ခရိုင်တပ်ရင်း၂တို့မှ ပြောက်ကျားစနစ်ကိုအသုံးပြုတိုက်ခိုက်ကာ အကြမ်းဖက်စစ်ကောင်စီများ ကြောက်ရွံ့ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ပေမယ့် မြို့ပြပြောက်ကျားတပ်ဖွဲ့များအနေဖြင့် ထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုက်ခဲ့တယ်လို့ သိရပါတယ်။