
ဒီကနေ့မနက်ပိုင်း ၇နာရီဝန်းကျင်ခန့်က စစ်ကိုင်းတိုင်း၊မုံရွာမြို့ ထန်းတောရပ်ကွက် ထန်းတောဘောလုံးကွင်းအတွင်းမှာ စစ်ကောင်စီသတင်းပေးဟုဆိုသူအမျိုးသားတစ်ဦး သေနတ်၅ချက်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့သိရပါတယ်။
အသတ်ခံရသူအမျိုးသားမှာ သန်းအောင်ဆိုသူဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ရှင်းလင်းတယ်ဆိုတာ အခုချိန်ထိ မသိရှိရသေးပေ။
သေဆုံးသူသန်းနိုင်၏ရုပ်အလောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်သားများ ယခုချိန်ထိ လာရောက်ကောက်ယူမှုမရှိသေးဘူးလို့ သိရှိရပါသည်။