
ယနေ့ညနေ၅နာရီဝန်းကျင်အချိန် စစ်ကိုင်းတိုင်း၊မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် ရဲလေ့ကျင်ရေးသင်တန်းကျောင်းကို PDF-SOUTH Monywa,Monywa Heroes Groupနှင့် Generation Defense Force တို့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ အစောင့် စစ်သားတစ်ဦးသေဆုံးကြောင်း ဒေသခံကာကွယ်ရေးတပ်များက ပြောဆိုသည်။
မုံရွာမြို့ လွှတ်တော်အနီး ရဲသင်တန်းကျောင်းကို ယနေ့ညနေပိုင်း ပြည်သူ့ကာကွယ်ရေး ၃ ဖွဲ့ ပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများက ပြောဆိုကြပြီး စစ်သားတစ်ဦးသေဆုံးသည်ဟု ဒေသခံကာကွယ်ရေးတပ်က ပြောဆိုထားသည်။