
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ် မန့်ကောင်းတပ်အနီးမှာ စစ်ကောင်စီဘက်မှ တင်ဆောင်လာသည့် ရိက္ခာနှင့် လက်နက်များ မိုင်းခွဲတိုက်ခိုက်ခံရကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ်မှ တင်ဆောင်လာသည့် ရိက္ခာ နှင့် လက်နက်များ (MNDAA) ကိုးကန့်တပ်မတော်မှ မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“လွန်ခဲ့တဲ့ (၄) ရက်က စစ်တပ်ဘက် ကားအစီးရေ (၃၀) လောက် မုံးကိုးဘက် တက်လာတယ်။ ၄ စီးလောက်ဖြတ်သွားတဲ့ချိန်မှာ နောက်တက်လာတဲ့ (၂) စီးက မိုင်းခွဲ တိုက်ခိုက်ခံရလို့ ကျန်တဲ့ ကားတွေ မဖြတ်ရဲဘူး” ဟု အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။
ယမန်နေ့ နိုဝင်ဘာ (၈) ရက် မှ ကျန်ရှိခဲ့သည့် လက်နက် နှင့် ရိက္ခာတင်ဆောင်လာသည့် ကားအစီးရေ (၂၀) ကျော် ဖြတ်သွားခဲ့ကြောင်း အမည်မဖော်လိုသူ တစ်ဦး ကပြောသည်။
မုံးကိုးမြို့နယ်သည် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ကြား တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်ခဲ့ပြီး စစ်ရှောင်များလည်း နေရပ်သို့ စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။