
နိုဝင်ဘာလ ၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ အထူးဒေသ ၁ မုံးကိုးခရိုင်၊ မုံကိုးဒေသမှ အရပ်သားပြည်သူတစ်ဦးဖြစ်သူ ဦးဖုန်ကို စစ်ကောင်စီတပ်များက ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
အထူးဒေသ(၁)မုံးကိုးခရိုင် ၊ မုံးကိုးဒေသမှ ဒေသခံ ဦးဖုန်သည် လယ်အလုပ်ဆင်းပြီး အိမ်ပြန်သည့်လမ်းအကြုံတွင် စစ်ကောင်စီ၏ ရက်စက်သတ်ဖြတ်မှုကို ခံခဲ့ရကြောင်းသိရသည်။
သေဆုံးသူ အသက် ၃၀ အရွယ် ဦးဖုန်သည် မန်ကျဒေသ စစ်ကောင်စီ၏တပ်စခန်းအနီးရှိ ပြောင်းဖူးခင်းသို့ သွားရောက်ရိတ်သိမ်းခဲ့ပြီး အပြန် တွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ မိသားစုက ဦးဖုန်သည် အိမ်သို့ပြန်ရောက်ခြင်း မရှိသည့်အတွက် လိုက်လံ ရှာဖွေသည့်အခါမှာ အိမ်အပြန်လမ်းဘေးတွင် (ဖုန်)၏ အလောင်းကိုတွေ့ရှိခဲ့ရကြောင်း ကိုးကန့် MNDAA ၏ သတင်းရင်းမြစ် The Kokang သတင်းဌာနက သတင်းဖော်ပြသည်။