
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှာ စစ်ကောင်စီသတင်းပေး ဒလန်လို့နာမည်ကြီး တဲ့အမျိုးသားတစ်ဦးဒီနေ့မနက်က ပစ်သတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရှင်ဓာတ်ဝဲဘုရားရဲ့ မုခ်ဦးအရှေ့နားမှာ နံနက် ၁၁ နာရီဝန်းကျင်က ပစ်သတ်ခံခဲ့ရတယ်လို့ မောင်မယ်ရှောင်ရွာသားတွေကဆိုပါတယ်။
ကားပေါ်မှာထိုင်နေတဲ့ ကိုမိုးမြင့်ဦး(ခ) ဖိုးလူမဲ လို့ခေါ်တဲ့အမျိုးသားကို ဆိုင်ကယ်တစ်စီးနဲ့လူနှစ်ယောက်လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အသက် ၃၀ ကျော်အရွယ် ကိုမိုးမြင့်ဦးဟာ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ကင်းကုန်းရွာမှာနေထိုင်ပြီး ရေဝိုင်းရွာနဲ့ထားဝယ်မြို့ကို လိုင်းကားဆွဲနေတဲ့သူဖြစ်တယ်လို့သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အနီးတစ်ဝိုက်က အိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။